MM-Channel
Loading video list…About
ရုပ်ထွက်အကြည် (FHD) + မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ပါပြီ။ ခုခေတ်ကလေးတွေ မသိကြပေမဲ့ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ကလေးဘဝကို ဖြတ်သန်းခဲ့တဲ့ 90s/2000s kid တိုင်းအတွက် မေ့မရနိုင်တဲ့ ဂန္ထဝင် Animation စီးရီးကြီးပါ။ ရှေးဟောင်းသုတေသနပညာရှင် ဂျက်ကီချန်းတစ်ယောက် မတော်တဆတွေ့ရှိခဲ့တဲ့ မှော်စွမ်းအင်ပါ တရုတ် ၁၂ ရာသီခွင် ကျောက်စာချပ် (Talismans) တွေကို လိုက်လံစုဆောင်းရင်း ကမ္ဘာကြီးကို သိမ်းပိုက်လိုတဲ့ Dark Hand လူဆိုးဂိုဏ်းနဲ့ မီးနဂါးမိစ္ဆာကြီးကို တားဆီးရမယ့် စွန့်စားခန်းဖြစ်ပါတယ်။ ဂျက်ကီချန်းရဲ့ လက်မှတ်ရ ဟာသအက်ရှင်တွေအပြင် "Yu Mo Gui Gwai Fai Di Zao" လို့ အမြဲမန္တန်ရွတ်တတ်တဲ့ ဦးလေးကြီး၊ အမြဲဗရုတ်သုတ်ခလုပ်တတ်တဲ့ တူမလေး ဂျိတ်တို့နဲ့အတူ ငယ်ဘဝအမှတ်တရတွေကို ရုပ်ထွက်အကြည်ဖြင့် ပြန်လည်ခံစားကြည့်ရှုနိုင်ပါပြီ။
5 episodes