MM-Channel
Loading video list…About
ငယ်ဘဝက ရုပ်မြင်သံကြားရှေ့မှာ မထတမ်း စောင့်ကြည့်ခဲ့ရတဲ့ Disney ရဲ့ နာမည်ကျော် Classic စွန့်စားခန်း ကာတွန်းဇာတ်လမ်းတွဲကောင်းလေးကို မြန်မာစာတန်းထိုးအကြည်ဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရွှေတုံးတွေကို အသက်ထက် မြတ်နိုးတဲ့ ကမ္ဘာ့အချမ်းသာဆုံး ပိစိကပ် ဘဲကြီး Scrooge ဆီကို တူတော်မောင် Donald Duck က ရေတပ်ထဲ တာဝန်ထမ်းဆောင်ဖို့အတွက် လည်လွန်းတဲ့ တူမောင် အမြွှာသုံးကောင် (Huey, Dewey, Louie) ကို လာအပ်နှံထားခဲ့ရာကနေ စွန့်စားခန်းတွေ စတင်ပါတော့တယ်။ ကမ္ဘာအနှံ့က ရှေးဟောင်းရတနာတွေ၊ ဒဏ္ဍာရီလာ ပိရမစ်တွေ၊ လျှို့ဝှက်ကျွန်းတွေကနေ အာကာသထဲအထိ စွန့်စားကြရင်း လေယာဉ်မှူးကြီး Launchpad ရဲ့ မောင်းရင်ပျက်ကျတဲ့ အခွီအလွဲတွေကြားထဲကနေ ရန်သူတော် Glomgold နဲ့ Beagle Boys လူဆိုးဂိုဏ်းတွေကို ဘယ်လို ပညာပေးကြမလဲဆိုတာ တစ်ပိုင်းပြီးတစ်ပိုင်း ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
23 episodes