MM-Channel
Loading video list…About
တစ်ပတ်မှာ ၂ပိုင်းပြသာမှာဖြစ်ပြီး စနေနဲ့ တနင်္ဂနွေဆို အပိုင်းသစ်ထွက်ပါတယ် စုစုပေါင်း ၁၂ပိုင်းထိပါဝင်ပါမယ်။ Ongoing series Episode -12 On Saturday and Sunday ဇာတ်လမ်းအကျဉ်း ထိပ်တန်းမင်းသမီး Yoon Ha-na (Kim Ji-yeon/Bona) က ကလေးဘဝတုန်းက ပထမဆုံးချစ်ခဲ့ရသူဖြစ်သလို သူမ၏ အနီးကပ်ကာကွယ်ပေးသူ (Bodyguard) လည်းဖြစ်ခဲ့တဲ့ Jung Woo-jae (Park Seo-ham) ကို ဝမ်းနည်းစရာ ကံကြမ္မာဆိုးကြီးတစ်ခုနဲ့ ဆုံးရှုံးလိုက်ရပါတယ်။ တစ်နေ့မှာ Ha-na နဲ့ သူမ၏ အမြွှာမောင်ဖြစ်သူ Yoon Ha-ru (Jang Se-hyuk) တို့ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ Camcorder (ဗီဒီယိုကင်မရာ) အဟောင်းတစ်ခုကို ရှာတွေ့ခဲ့ကြပါတယ်။ ထိုကင်မရာကြောင့်ပဲ သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ ၁၄ နှစ် (သူတို့ ၁၈ နှစ်အရွယ်) အတိတ်ကာလဆီသို့ အချိန်ခရီးသွား (Time-slip) ရောက်ရှိသွားကြပါတယ်။ သို့သော်လည်း အတိတ်သို့ရောက်ရှိချိန်မှာ Ha-na နဲ့ သူမရဲ့ အမြွှာမောင် Ha-ru တို့ရဲ့ ဝိညာဉ်ရေးရာ ခန္ဓာကိုယ်ချင်း လဲလှယ်သွားခဲ့ပါတယ် (Body Swap)။ Woo-jae ကို ကြေကွဲဖွယ် ကံကြမ္မာမှ ကယ်တင်ဖို့နဲ့ အတိတ်က အမှားများကို ပြင်ဆင်နိုင်ဖို့အတွက် Ha-na တစ်ယောက် မောင်ဖြစ်သူရဲ့ ခန္ဓာကိုယ်ထဲမှာ ရောက်နေရင်းနဲ့ ဟာသဆန်းဆန်း၊ ရင်ခုန်စရာ Romantic ဇာတ်လမ်းလေးကို ရိုက်ကူးထားတာဖြစ်ပါတယ်။
10 episodes