MM-Channel
Loading video list…About
Halloween ပွဲတော်အတွက် Shaun တို့ ဖော်စပ်ထားတဲ့ အပင်ကြီးထွားဆေးရည်ကို လယ်သမားကြီးက ဆံပင်ပေါက်ဆေးအမှတ်နဲ့ တစ်ကိုယ်လုံး လိမ်းမိရာကနေ စတင်ပါတယ်။ ဆေးစွမ်းကြောင့် အမွေးအမျှင်တွေ ထိန်းမနိုင်သိမ်းမရ ထွက်လာပြီး Bigfoot သားရဲကြီးအသွင် ပြောင်းသွားတဲ့ လယ်သမားကြီးကို မြို့ခံတွေက လိုက်လံဖမ်းဆီးကြပါတော့တယ်။ တစ်ဖက်မှာလည်း သားရဲကြီးမှန်း မသိဘဲ လယ်သမားကြီး ပျောက်သွားလို့ လိုက်ရှာနေတဲ့ ခွေးကြီး Bitzer နဲ့၊ လယ်သမားကြီး မဖမ်းခံရမီ ဆေးဖြေရည် အမြန်ဖော်စပ်ပြီး ပြန်ကယ်တင်ဖို့ ကြိုးစားကြတဲ့ Shaun တို့ သိုးတစ်အုပ်ရဲ့ အလွဲလွဲအချော်ချော် ဟာသစွန့်စားခန်းကို ကြည့်ရှုရမှာပါ။ ဒိုင်ယာလော့ဂ် မပါဘဲ အမူအရာ သရုပ်ဖော်မှုတွေနဲ့တင် တစ်ကားလုံး ရယ်မောပျော်ရွှင်ရမယ့် မိသားစုကြည့် ကာတွန်းကားကောင်းတစ်ကား ဖြစ်ပါတယ်။
1 title